မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ခက်ခဲမှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ နန်းတော်ပေါက်နှင့် ဆင်ဖြူပေါက် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နေ့စဉ် မြန်မာလုပ်သား ၅၀၀ ခန့်အထိ ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် ဖြင့် ဝင်ရောက်နေကြကြောင်း ဒေသခံများထံမှ သိရပါတယ်။တရုတ်နိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလုပ်သား အများစုမှာ မိမိတို့ဒေသ၌ အိမ်နှင့် လယ်ယာမြေများကို ပေါင်နှံချေးငှားကာ အနည်းဆုံး ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင်အထိ စရိတ်ကုန်ကျခံကာ လာကြခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တရုတ်ဘက်ရောက်ချိန်တွင် အလုပ်သမားပွဲစားများ၏ လိမ်လည်မှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု၊ တရုတ်ရဲများ၏ ဖမ်းဆီးငွေညှစ်ခံရမှုများနှင့် ကြုံတွေ့နေရသည့်အပြင် နေ့စဉ် မှန်လုံကား သုံး၊ လေးစီးစာဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခံနေရကြောင်း သိရပါတယ်။အဆိုပါ ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့နေရသော်လည်း ပြည်တွင်း၌ အလုပ်အကိုင် မရှိသဖြင့် ပြန်ပို့ခံရသူအများစုမှာ မိဘဆွေမျိုးများထံမှ ငွေကြေးထပ်မံတောင်းခံကာ တရုတ်ဘက်သို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေကြပြီး၊ ဝင်ခွင့်ပိတ်ခံထားရသူအချို့မှာမူ ခိုးပေါက်များမှတစ်ဆင့် ငွေကုန်ကြေးကျများစွာဖြင့် ထပ်မံစွန့်စား ဝင်ရောက်နေကြကြောင်း သိရပါတယ်။ နယ်စပ်ဒေသခံအချို့ကမူ အဆိုပါ ကုန်ကျစရိတ် ပမာဏဖြင့် မိမိတို့ဒေသအတွင်း၌သာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုကို အခြေချလုပ်ကိုင်သင့်ကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ တရုတ်နယ်စပ်သို့ ခေါင်းပုံဖြတ်ခံရမှုများနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာလုပ်သားများ နေ့စဉ် ရာနှင့်ချီ ဝင်ရောက်နေဆဲဖြစ်
May 25 • 3:34 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


