စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဝန်ဖာနိုင်းကျေးရွာအုပ်စုအတွင်းရှိ သဝန်အင်း၏ လက်ခွဲအင်းများဖြစ်သော နောင်စာရေးအင်း၊ နောင်ကွပ်အင်းနှင့် လိုင်နားအင်းတို့တွင် ယခုရက်ပိုင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ယခုကဲ့သို့ ငါးများ အမြောက်အမြား သေဆုံးရခြင်းမှာ အင်းအတွင်းမှ ရေထုတ်လိုက်ခြင်းကြောင့် ရေနည်းသွားသည့်အပြင်၊ လက်ရှိဖြစ်ပေါ်နေသော ရာသီဥတု အပူချိန်မြင့်မားမှုဒဏ်ကြောင့် ဖြစ်နိုင်ကြောင်း အင်းလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ယူဆထားကြသည်။
May 25 • 2:33 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


