တရုတ်နိုင်ငံ၊ ကျန်းဆူးပြည်နယ်၊ စူးကျိုးမြို့၌ ကျင်းပသည့် APEC ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အာရှ-ပစိဖိတ်ဒေသ ဘုံသာယာဝပြောရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် မေလ ၂၃ ရက်က တိုက်တွန်းပြောကြားခဲ့ပါတယ်။အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ဆောင်ရွက်မှသာ အရည်အသွေးမြင့်မားပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် WTO ပြုပြင်ပြောင်းလဲမှုနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုများအတွက် အသင့်ရှိကြောင်း ၎င်းက ဆိုပါတယ်။ ထို့ပြင် ဟယ်လိဖုန်းသည် WTO ညွှန်ကြားရေးမှူးချုပ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်တို့နှင့်လည်း သီးသန့်တွေ့ဆုံကာ ကုန်သွယ်စီးပွား ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ၊ စူးကျိုးမြို့၌ APEC အဖွဲ့ဝင်များ ဘုံသာယာဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ဒုဝန်ကြီးချုပ် တိုက်တွန်း
May 25 • 1:34 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


