စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ ၂၀၂၆ ခုနှစ် မေလ ၂၅ ရက် နံနက် ၄ နာရီ ၇ မိနစ်ခန့်တွင် ပမာဏ ၃.၉ (Magnitude) ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။အဆိုပါ မြေငလျင်သည် ကန့်ဘလူမြေငလျင်စခန်း၏ မြောက်-အနောက်မြောက်ဘက် ၅၄ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၆၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ရှားသွားခြင်းဖြစ်ပြီး ငလျင်ပမာဏမှာ နည်းပါးသဖြင့် အင်အားအနည်းငယ်ရှိသော မြေငလျင်အမျိုးအစားသာ ဖြစ်ကြောင်း သိရပါတယ်။



