ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မေလ ၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များနှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး၊ စီမံကိန်းဧရိယာအတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့်တည်ဆောက်ရေးလုပ်ငန်းမျှ ဆောင်ရွက်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို အလေးထားလိုက်နာရန် သတိပေးမှာကြားခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးသည် ဗဟိုမီးသတ်သင်တန်းကျောင်းအဝင် လမ်းသစ်ဖောက်လုပ်မှုနှင့် Oriental Highway ကုမ္ပဏီက ဆောင်ရွက်နေသည့် အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းများ မိုးရာသီမတိုင်မီနှင့် သတ်မှတ်ကာလအတွင်း အပြီးသတ်နိုင်ရေး ညွှန်ကြားခဲ့ပြီး၊ ရတနာပုံဆိုက်ဘာစီးတီး ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့တွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရတနာပုံဆိုက်ဘာစီးတီးအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းမဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးမျိုးမြင့် သတိပေး
May 24 • 11:16 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


