back

စစ်ကိုင်းတိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧက ၂၄.၆ သိန်းကျော် လျာထားစိုက်ပျိုးမည်

May 24 • 11:14 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧက ၂၄.၆ သိန်းကျော် လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့နှင့် အခြားဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပြီး ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့နှင့် အခြားဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးဧကစုစုပေါင်း ၂၄ ဒသမ ၆ သိန်းကျော် စိုက်ပျိုးရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။အဆိုပါ လျာထားချက်တွင် မိုးရာသီစိုက်ပျိုးဧက ၈ ဒသမ ၅ သိန်းကျော်၊ ဆောင်းရာသီစိုက်ပျိုးဧက ၁၅ ဒသမ ၂ သိန်းကျော်နှင့် နွေရာသီစိုက်ပျိုးဧက ၀ ဒသမ ၉ သိန်းကျော် ပါဝင်ကြောင်း သိရသည်။

news-view-count-icon

36