စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီးသည် မေ ၂၃ ရက်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ လိုင်စင်တွင် ဖော်ပြထားသည့် အမျိုးအစားနှင့် တန်ချိန်များကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ရှမ်းပြည်နယ် ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား
May 24 • 7:11 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


