စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဌာနတာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘော ဒီးယား၊လာအို၊မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
May 24 • 7:07 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


