ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စုတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အသုံးပြုခဲ့သော မီတာအကြွေးကျန်များကို လျှပ်စစ်ရုံးက ကျပ်သိန်းဆယ်ချီ (အချို့အိမ်များတွင် သိန်း ၆၀ ကျော်အထိ) ကောက်ခံနေသဖြင့် အခက်အခဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။ လျှပ်စစ်ရုံးဝန်ထမ်းများက မီတာမဖတ်ဘဲ ခန့်မှန်းခြေဖြင့်သာ လစဉ်နည်းနည်းစီ ကောက်ခံခဲ့ရာမှ၊ ယခုအခါ ယူနစ်ကြွေးကျန်များကို အိမ်သုံးနှုန်းထားအစား တစ်ယူနစ်လျှင် ၃၀၀ ကျပ် (လုပ်ငန်းသုံးနှုန်းထား) ဖြင့် တွက်ချက်ကာ မေလ ၂၅ ရက် နောက်ဆုံးထားပေးဆောင်ရန် စာရွက်များ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ဒေသခံများက မီတာခကို လုံးဝမဆောင်ဘဲ နေလိုခြင်းမဟုတ်ဘဲ ဝန်ထမ်းများ၏ ပျက်ကွက်မှုကြောင့် ဖြစ်ရသည့်အတွက် ကြွေးကျန်များကို မူလအိမ်သုံးနှုန်းထားဖြင့်သာ ပြန်လည်စိစစ် တွက်ချက်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။
May 24 • 7:03 AM
မြန်မာ
ကချင်
မျှဝေမည်
| 45 | 0 | 0 | 0 |


