ပြီးခဲ့သည့် မေ ၁၇ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့လယ်ရှိ Asok-Din Daeng ကားလမ်းနှင့် ရထားလမ်းဆုံ၌ ကုန်တင်ရထားနှင့် ဘတ်စ်ကားတိုက်မိရာတွင် မြန်မာနိုင်ငံသူမအေးအေးမြင့်(၃၆)နှစ် သေဆုံးခဲ့ရသည်။ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးက မေ ၂၁ ရက်တွင် သေဆုံးသူ၏ အမဖြစ်သူအား မြန်မာသံရုံး၌ တွေ့ဆုံအားပေးစကားပြောကြားပြီး သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများ၏ နာရေးကူငွေများကိုပေး အပ်ခဲ့သည်။မြန်မာသံအမတ်ကြီးက ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူအတွက် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့များမှပေးအပ်မည့် လျှော်ကြေးငွေရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကူညီပေးမည်ဖြစ်ကာ လိုအပ်သည်များရှိပါက မြန်မာသံရုံးသို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၌ ကုန်ရထားနှင့် ဘတ်စ်ကားတိုက်မိမှုတွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသူအတွက် မြန်မာသံအမတ်ကြီးက နာရေးကူငွေပေး
May 24 • 6:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


