ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားပြတိုက် (ရန်ကုန်) ကို နည်းပညာသုံး Digital Museum အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ အမြန်ဆုံးပြီးစီးအောင် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။မေလ ၂၃ ရက်က အမျိုးသားပြတိုက် (ရန်ကုန်) သို့ သွားရောက်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူများနှင့် လူငယ်များအကြား မိမိတို့ ဘိုးဘွားများ စဉ်ဆက်မပြတ် နေထိုင်ခဲ့သည့် သမိုင်းအမှန်ကို နားလည်သိမြင်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားစိတ်၊ မျိုးချစ်စိတ်များ ရှင်သန်လာစေရန်အတွက် ဆိုရှယ်မီဒီယာများမှတစ်ဆင့် အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ရန်နှင့် ပြတိုက်ပြကွက်များကို စိတ်ဝင်စားဖွယ် ခေတ်မီအောင် ပြသသွားရန် ၎င်းက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
May 24 • 4:08 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 30 | 0 | 0 | 0 |


