ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒလမြို့နယ်တို့၌ မေလ ၂၃ ရက် ညပိုင်းက မိနစ်ပိုင်းသာခြား၍ သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြောက် (အရှေ့ပိုင်း) အမှတ်(၅)ရပ်ကွက်၊ ယောမင်းကြီးလမ်းတွင် ည ၈ နာရီ ၅၇ မိနစ်ခန့်ကလည်းကောင်း၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဦးအောင်ဇေယျ(၂)လမ်းတွင် ည ၈ နာရီကျော်ခန့်ကလည်းကောင်း သစ်ပင်များလဲကျခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှား ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
May 24 • 3:12 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


