back

ကချင်ပြည်နယ် နောင်မွန်းမြို့နယ်၌ မိုးရွာပြီး တောင်ပြိုသဖြင့် ပူတာအို-မချမ်းဘော့-နောင်မွန်းလမ်း ပိတ်ဆို့နေ

May 24 • 1:50 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ် နောင်မွန်းမြို့နယ်၌ မိုးရွာပြီး တောင်ပြိုသဖြင့် ပူတာအို-မချမ်းဘော့-နောင်မွန်းလမ်း ပိတ်ဆို့နေ

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-နောင်မွန်း သွားကားလမ်းပေါ်သို့ တောင်ကမ်းပါးယံ ပြိုကျကာ လမ်းပ...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-နောင်မွန်း သွားကားလမ်းပေါ်သို့ တောင်ကမ်းပါးယံ ပြိုကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည်။ အဆိုပါလမ်း၏ ကွမ်လင်းကျေးရွာနှင့် ကဆန်ဒမ်းကျေးရွာကြား (ကီလိုမီတာ ၈၁ နှင့် ၈၂ ကြား) တွင် မေလ ၂၃ ရက် နံနက် ၉ နာရီခန့်က အရှည် ပေ ၅၀၊ အမြင့် ၃ ပေခန့် တောင်ပြိုကျကာ မြေသားများ ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် မြေသားများ ပိတ်ဆို့နေသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသေးဘဲ လူနှင့် ဆိုင်ကယ်များသာ ဘေးရှောင်ကွင်းလမ်းမှ သွားလာနေရသည်။ ပိတ်ဆို့နေသည့် မြေသားများကို ဖယ်ရှားရန်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများက စက်ယန္တရားများ၊ လူအင်အားများဖြင့် အရေးပေါ် ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

27