စမတ်ကတ် (UID) များ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ စမတ်ကတ်ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင်၏ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း သေချာစေရန်အတွက် မြို့နယ်ရုံးများရှိ Biometric Enrollment and Verification စနစ်ကို အသုံးပြုမည်ဖြစ်သည်။ ထိုစနစ်တွင် မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ် စသည့် ဇီဝအချက်အလက်များကို e-ID စနစ်အတွင်းရှိ မူလဒေတာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ 
May 23 • 9:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 64 | 0 | 0 | 0 |


