မေလ တတိယ (၁၀) ရက်ပတ်အတွင်း ဘီးလင်းမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးအချို့တွင် မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ မန္တလေးနှင့် စစ်ကိုင်းမြို့အပါအဝင် အထက်ပိုင်းမြို့များ၌ ၂ ပေမှ ၅ ပေခန့်၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် မော်လိုက်မြို့တို့၌ ၂ ပေမှ支 ၄ ပေခန့်အပြင် မြစ်သာ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ပဲခူး၊ သံလွင်၊ သောင်ရင်းနှင့် တိုးမြစ်ရေတို့သည်လည်း သက်ဆိုင်ရာမြို့နယ်များအလိုက် ပေဝက်မှ ၃ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ သို့သော် ဧရာဝတီမြစ်အောက်ပိုင်းရှိ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ ပြည်နှင့် ဟင်္သာတမြို့တို့အပြင် ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေတို့မှာမူ လက်ရှိရေမှတ်များအောက် ပေဝက်မှ ၁ ပေခန့်အထိ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း သိရသည်။
May 23 • 8:16 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


