back

မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် လေပြင်း၊ မိုးကြိုးပစ်မှုနှင့် မိုးသီးကြွေမှုများ ဖြစ်ပေါ်နိုင်

May 23 • 8:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် လေပြင်း၊ မိုးကြိုးပစ်မှုနှင့် မိုးသီးကြွေမှုများ ဖြစ်ပေါ်နိုင်

မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ...

မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၂ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။မိုးတိမ်တောင်များသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ယင်းမိုးတိမ်တောင်များ ရွှေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဆိုင်ရာ အန္တရာယ်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

37