back

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊ ဂေါဝိန်ဆိပ် အဓိကကုန်စည်ဂိတ်ဖြစ်လာ

May 23 • 7:51 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊ ဂေါဝိန်ဆိပ် အဓိကကုန်စည်ဂိတ်ဖြစ်လာ

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို မန္တလေးမြို့သို့ သယ်ယူရာတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် အခွန်လွတ်ဈေးများမှ ကုန်စိမ်း၊ သားငါးနှင့် စားသောက်ကုန်များကို စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်လည်းကောင်း ယခင်ကဲ့သို့ ကားလမ်းမှ တိုက်ရိုက်သယ်ယူခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကျော်သည့် ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

28