back

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ကျင်းပမည်

May 23 • 7:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ကျင်းပမည်

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့...

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဇွန် ၂၆ ရက်တွင် Road Race ပြိုင်ပွဲအား လှည်းကူးမြို့နယ်၊ ဇွန် ၂၇ ရက်တွင် MTB XCO ပြိုင်ပွဲအား တိုက်ကြီးမြို့နယ်ရှိ Mirror Mountains ၊ ဇွန် ၂၈ ရက်တွင် Criterium ပြိုင်ပွဲအား သုဝဏ္ဏ Stadium Track ၊ ဆုပေးပွဲအား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (သုဝဏ္ဏ) နှင့် MTB ပြိုင်ပွဲအား သီးခြားပြိုင်ပွဲတို့အဖြစ်အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် စက်ဘီးကလပ်အသင်းများ၊ တိုင်းနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများ၊ MCF တွင်မှတ်ပုံတင်ထားသောအသင်းများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော တစ်ဦးချင်းစက်ဘီးအားကစားသမားများဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း သိရသည်။

news-view-count-icon

58