၂၃.၅.၂၀၂၆ ရက်နေ့၊ ၀၇နာရီ ၀၀ အချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာတွင် သစ်ပင်လဲကျ၍ လူနေအိမ်ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး(၁)ဦး(စိုးရိမ်ရ)နှင့် အမျိုးသား(၁)ဦး မစိုးရိမ်ရတို့အား ကျောက်စံကျေးရွာရှိ ဂရုဏာရိပ်လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။



