back

အာဆီယံ-IEA ဆွေးနွေးပွဲ ပါရီတွင်ကျင်းပ

May 22 • 1:23 PM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆီယံ-IEA ဆွေးနွေးပွဲ ပါရီတွင်ကျင်းပ

အာဆီယံသံအမတ်ကြီးများနှင့် International Energy Agency (IEA) အမှုဆောင်ဒါရိုက်တာတို့ကြား အလုပ်သဘောနေ့လယ်စာစားပွဲကို မေ ၂၀ ရက်က Paris မြို့၌ ကျင်းပခဲ့ရာ မြန်မာသံရု...

အာဆီယံသံအမတ်ကြီးများနှင့် International Energy Agency (IEA) အမှုဆောင်ဒါရိုက်တာတို့ကြား အလုပ်သဘောနေ့လယ်စာစားပွဲကို မေ ၂၀ ရက်က Paris မြို့၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲကို ပါရီမြို့ရှိ Singapore သံအမတ်ကြီး H.E. Mr. Umej Bhatia ဦးဆောင်ကျင်းပခဲ့ပြီး ဒေသတွင်း စွမ်းအင်အကျပ်အတည်းနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုများ၊ လက်ရှိ စွမ်းအင်အကျပ်အတည်းနှင့် Southeast Asia ဒေသအပေါ် သက်ရောက်မှုများ၊ IEA နှင့် အရှေ့တောင်အာရှဒေသအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပါရီမြို့ရှိ အာဆီယံသံရုံးများနှင့် IEA တို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

25