မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ယူရို (၁ဒသမ၃) သန်း ကူညီမည်ဖြစ်ကြောင်း ယမန်နေ့ မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။“Safe and Whole” (ဘေးကင်းလုံခြုံပြီး ပြည့်စုံအသက်ဝင်စေဖို့) ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းကို ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (EU Humanitarian Aid) က ယူရို ၁ ဒသမ ၃ သန်း (EUR 1.3 million) ပံ့ပိုးကူညီထားခြင်း ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။စီမံကိန်းကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ အကျပ်အတည်းဒဏ်ခံ ပြည်သူစုစုပေါင်း ၈၄,၄၇၁ ဦး (ယင်းအနက် ၇၅,၃၈၁ ဦးမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များထံ အကူညီများပေးမည်ဖြစ်ကြောင်း သိရသည်။
May 22 • 1:20 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


