စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှာ မေ ၂၁ ရက်က အမြင့်ဆုံးအပူချိန်အဖြစ် ၄၄ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့် တက်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထုတ်ပြန်ချက် ထဲမှာ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့(၁၀)မြို့ မှာလည်း မေ (၂၁)ရက်က အမြင့်ဆုံး နေ့အပူချိန်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ထုတ်ပြန်ထားတဲ့ နေ့အပူချိန်တွေအရ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မကွေးတိုင်း ဒေသကြီး ချောက်မြို့မှာ ၄၃ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်၊ မင်းဘူးမြို့မှာ ၄၂ ဒီဂရီဆဲလ်စီးယပ်၊ ပခုက္ကူမြို့မှာ ၄၂ ဒီဂရီဆဲလ်စီးယပ်နဲ့ ဂန့်ဂေါမြို့မှာ ၄၂ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့မှာ ၄၃ ဒီဂရီဆဲလ်စီးယပ်နဲ့ မြင်းခြံမြို့မှာ ၄၁ ဒသမ ၇ ဒီဂရီ ဆဲလ်စီး ယပ်အထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့မှာ ၄၂ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့မှာ ၄၁ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်နဲ့ ရေဦးမြို့မှာ ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။



