back

UAE ရှိ ဟိုတယ်လုပ်ငန်းများတွင် ခရီးသွားလျော့နည်းမှုကြောင့် မြန်မာလုပ်သားအချို့ အလုပ်ဖြုတ်ခံရမှုများနှင့် ကြုံတွေ့နေရ

May 22 • 4:02 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

UAE ရှိ ဟိုတယ်လုပ်ငန်းများတွင် ခရီးသွားလျော့နည်းမှုကြောင့် မြန်မာလုပ်သားအချို့ အလုပ်ဖြုတ်ခံရမှုများနှင့် ကြုံတွေ့နေရ

ယူအေအီးနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးအချို့တွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ခရီးသွားဝင်ရောက်မှု သိသိသ...

ယူအေအီးနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးအချို့တွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျလာကာ ဝန်ထမ်းအင်အား လျှော့ချမှုများ ပြုလုပ်လာသဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ရာနှင့်ချီ၍ အလုပ်အကိုင် ရပ်စဲခြင်း (Terminate) ခံနေရသည်။ အချို့ဟိုတယ်များတွင် ဝန်ထမ်းများကို အခြေခံလစာထဲမှ နှုတ်ယူကာ ရက်သတ္တပတ်အလိုက် လစာမဲ့ခွင့် (Unpaid Leave) ယူခိုင်းခြင်းများ ရှိနေသည့်အပြင်၊ ကမ္ဘာလှည့်ခရီးသွားနည်းပါးချိန်တွင် အဓိကဝင်ငွေဖြစ်သော ဝန်ဆောင်ခ (Service Charges) မရရှိတော့ဘဲ အခြေခံလစာတစ်ခုတည်းဖြင့်သာ ရပ်တည်နေကြရသည်။အလုပ်ရှင်ဘက်မှ အလုပ်တာဝန်မှ ရပ်စဲပါက တစ်လကြိုတင်အကြောင်းကြားလေ့ရှိပြီး ဗီဇာကိုပါ တစ်ပါတည်း ပယ်ဖျက် (Cancel) လေ့ရှိသည်။ အဆိုပါ ပယ်ဖျက်ဗီဇာဖြင့် နိုင်ငံအတွင်း တစ်လခန့် ဆက်လက်နေထိုင်ခွင့်ရှိသော်လည်း၊ နောက်ထပ် နှစ်လသက်တမ်းတိုးရန် ဗီဇာကြေး မြန်မာငွေ ၁၀ သိန်းဝန်းကျင်နှင့် နေထိုင်စားသောက်စရိတ် တစ်လလျှင် အနည်းဆုံး ၁၀ သိန်းမှ သိန်း ၂၀ နီးပါးအထိ ကုန်ကျနိုင်သဖြင့် လုပ်သားအချို့မှာ ကိုယ်ပိုင်စရိတ်ဖြင့် ဗီဇာသက်တမ်းတိုးကာ အလုပ်အသစ်ရှာဖွေခြင်း သို့မဟုတ် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြရသည်။

လက်ရှိကာလသည် ယူအေအီးနိုင်ငံ၏ နွေရာသီခရီးသွားနည်းပါးချိန် (Summer Low Season) ဖြစ်နေသည့်အပြင် စစ်ရေးအခြေအနေ ဂယက်များကြောင့်လည်း ရှိရင်းစွဲဝန်ထမ်းများကိုပင် လျှော့ချနေရသည့် အချိန်ဖြစ်သည်။ ထို့ကြောင့် ဟိုတယ်လုပ်ငန်းဖြင့် ယူအေအီးသို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအနေဖြင့် အေဂျင်စီများ၏ ပြောကြားချက်တစ်ခုတည်းကို မယုံကြည်ဘဲ၊ အမှန်တကယ် လုပ်ငန်းခွင်ဝင်ရောက်နေသည့် မိတ်ဆွေသူငယ်ချင်းများထံမှတစ်ဆင့် မြေပြင်အခြေအနေကို သေချာစွာ စုံစမ်းလေ့လာပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း ဒေသခံမြန်မာလုပ်သားများက အကြံပြုတိုက်တွန်းထားကြသည်။

news-view-count-icon

21