စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ မုံရွာမြို့သမိုင်းဝင် ဘုရားလေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်ပြီး အများက "ဘုရားလှ" ဟု ခေါ်ဆိုကြသည့် ဘေးမဲ့ချမ်းသာ မဟာရာမ်ဆီး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းနှင့် ထီးတော်ကြီး ရွှေသင်္ကန်းများ ပြန်လည်ကပ်လှူပူဇော်နိုင်ရန်အတွက် ငြမ်းဆင်ခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။အဆိုပါ မဟာရာမ်ဆီးစေတီတော်ကြီးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငှက်ပျောဖူးအောက်ခြေ ကွာကျခြင်းနှင့် ကွဲအက်ခြင်းဒဏ်များ ခံခဲ့ရသဖြင့် ယခုကဲ့သို့ မဖြစ်မနေ ပြန်လည်ပြုပြင်မွမ်းမံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုစေတီတော်ကြီး၏ သံထီးတော်ကို ရွှေသင်္ကန်းကပ်လှူခဲ့သည်မှာ လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကဖြစ်ပြီး၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူခဲ့သည်မှာလည်း လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ဖြစ်ကြောင်း ဘုရားလှကျောင်းတိုက်ဆရာတော် ဥူးဉာဏိဿရ၏ မိန့်ကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သမိုင်းဝင် ဘေးမဲ့ချမ်းသာ မဟာရာမ်ဆီးစေတီတော်ကြီးကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းနှင့် ထီးတော်ကြီး ရွှေသင်္ကန်းကပ်လှူရန် ပြင်ဆင်နေ
May 22 • 3:53 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 54 | 0 | 0 | 0 |


