back

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ကလေးမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာသူ လူဦးရေ ရာချီ ထပ်မံပြန်လည်ဝင်ရောက်

May 21 • 7:04 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ကလေးမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာသူ လူဦးရေ ရာချီ ထပ်မံပြန်လည်ဝင်ရောက်

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ မေလ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ဝန်ထမ်းများနှင့် ဒေသခံ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံနေရပ်ပြန်ခဲ့ကြကြ...

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ မေလ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ဝန်ထမ်းများနှင့် ဒေသခံ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံနေရပ်ပြန်ခဲ့ကြကြောင်း သိရသည်။ မေလ ၁၉ ရက်နေ့ကလည်း Falam Pawlpi (Falam) ၏ စီစဉ်ပေးမှုဖြင့် မော်တော်ယာဉ် ၃ စီးဖြင့် ပထမအသုတ် နေရပ်ပြန်ခဲ့ကြပြီး ယခုမှာ နောက်ထပ်အသုတ်အဖြစ် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။လွန်ခဲ့သည့် ၂ နှစ်ခန့်က တိုက်ပွဲပဋိပက္ခများကြောင့် ဖလမ်းဒေသခံ ၆,၀၀၀ ကျော်သည် ကလေးမြို့နှင့် ဘေးလွတ်ရာများသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး၊ ဧပြီလ ၂၅ ရက်တွင် မြန်မာအစိုးရဘက်မှ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ယခုကဲ့သို့ နေရပ်ပြန်လာကြခြင်း ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဖလမ်းမြို့ကို ပြန်လည်ရရှိပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်း ၁၀၀ ကျော်ကို အမြန်ဆုံးပြန်လည်ဝင်ရောက်စေခဲ့ကာ မြို့တွင်းရှိ ရုံးများနှင့် စာသင်ကျောင်းများကို မေလမကုန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

35