back

ဂျပန်နိုင်ငံတွင် ဝက်ဝံများ ကျက်စားရာနယ်မြေ နှစ်၃၀ အတွင်း ၆၀ ရာခိုင်နှုန်းကျော်အထိ ကျယ်ပြန့်လာ

May 21 • 4:50 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံတွင် ဝက်ဝံများ ကျက်စားရာနယ်မြေ နှစ်၃၀ အတွင်း ၆၀ ရာခိုင်နှုန်းကျော်အထိ ကျယ်ပြန့်လာ

ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြုလုပ်သော အမျိုးသားစစ်တမ်းသစ်တစ်ခုအရ နိုင်ငံအတွင်းရှိ အာရှဝက်ဝံမည်း (Asiatic black bears) နှင့် ဟော့ကိုင်းဒိုး...

ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြုလုပ်သော အမျိုးသားစစ်တမ်းသစ်တစ်ခုအရ နိုင်ငံအတွင်းရှိ အာရှဝက်ဝံမည်း (Asiatic black bears) နှင့် ဟော့ကိုင်းဒိုးညိုရောင်ဝက်ဝံ (Hokkaido brown bears) များ၏ ကျက်စားရာနယ်မြေများသည် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း ၆၀.၆ ရာခိုင်နှုန်းအထိ တိုးပွားလာပြီး နိုင်ငံမြေပြင်စုစုပေါင်း၏ ထက်ဝက်ကျော် (၅၃.7 ရာခိုင်နှုန်း) အထိ လွှမ်းမိုးထားကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသများတွင် လူဦးရေ လျော့နည်းလာခြင်း၊ စိုက်ပျိုးမြေများ စွန့်ပစ်ခံရခြင်းနှင့် ကျေးရွာများအနီး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတားအဆီးများ အားနည်းလာခြင်းတို့ကြောင့် ဝက်ဝံများသည် လူသားတို့ နေထိုင်ရာ ဒေသများနှင့် ပိုမိုနီးကပ်စွာ လှည့်လည်ကျက်စားလာကြပြီး လူနှင့် ဝက်ဝံ ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်များ ပိုမိုမြင့်မားလာနေသဖြင့် အစိုးရအနေဖြင့် စောင့်ကြည့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

10