back

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးခက်ခဲမှုကြောင့် ဒေသထွက် စကော၊ စကာ လုပ်ငန်းများ အများအပြား ရပ်နားထားရ

May 21 • 4:48 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးခက်ခဲမှုကြောင့် ဒေသထွက် စကော၊ စကာ လုပ်ငန်းများ အများအပြား ရပ်နားထားရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများတွင် နယ်မြေအခြေအနေနှင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့် ဒေသထွက် လက်မှုထည်ပစ္စည်းများကို ဈေးကွက်သို့ တ...

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများတွင် နယ်မြေအခြေအနေနှင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့် ဒေသထွက် လက်မှုထည်ပစ္စည်းများကို ဈေးကွက်သို့ တင်ပို့ရန် ခက်ခဲလာပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းထားရသည်။ ထို့ပြင် ကုန်စည်စီးဆင်းမှု မလွယ်ကူခြင်းကို အခွင့်ကောင်းယူကာ လာရောက်ဝယ်ယူသူအချို့က ဈေးနှိမ်လေ့ရှိသဖြင့် အချို့တောင်သူများမှာ ကလေးမုန့်ဖိုးရရုံမျှဖြင့် ဆက်လက်လုပ်ကိုင်နေကြသော်လည်း အများစုမှာ လုပ်ငန်းရပ်နားထားကြကြောင်း သိရသည်။ ရေစကြိုဒေသထွက် ဝါးလက်မှုထည်များဖြစ်သည့် စကော၊ စကာနှင့် တောင်းများသည် ယခင်က တရုတ်နိုင်ငံဈေးကွက်အထိ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အလားတူပင် ဒေသထွက် အစားအစာလုပ်ငန်းများမှာလည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ကုန်ထုတ်လုပ်မှုကို လျှော့ချကာ ဒေသတွင်းဈေးကွက်တစ်ခုတည်းကိုသာ အဓိကထား အားကိုးရောင်းချနေရကြောင်း သိရသည်။

news-view-count-icon

35