back

စင်ကာပူရောက် မြန်မာများ Passport သက်တမ်းတိုးရန် WhatsApp နံပါတ်အသစ်နှင့်ရက်ချိန်း ထပ်မံတိုးမြှင့်သတ်မှတ်

May 21 • 2:17 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူရောက် မြန်မာများ Passport သက်တမ်းတိုးရန် WhatsApp နံပါတ်အသစ်နှင့်ရက်ချိန်း ထပ်မံတိုးမြှင့်သတ်မှတ်

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားသူ များပြားလာခြင်းကြောင့် ဆက်သွယ်ဆောင်ရွက်ရမည့် WhatsApp နံပါတ်အသ...

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားသူ များပြားလာခြင်းကြောင့် ဆက်သွယ်ဆောင်ရွက်ရမည့် WhatsApp နံပါတ်အသစ် တစ်ခုကို ထပ်မံတိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း ကြေညာထားသည်။သံရုံး၏ ထုတ်ပြန်ချက်အရ ယခင်အသုံးပြုခဲ့သည့် WhatsApp နံပါတ် (+6582468581) သို့ ကိစ္စရပ်နှင့် သက်ဆိုင်မှုမရှိသော မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများ ပြည့်နှက်နေပြီး ပေးပို့သူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မက်ဆေ့ချ်များ အလွန်အမင်း များပြားလာခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်မှ မေလ ၁ ရက်အတွင်းပေးပို့ထားသည့် အချက်အလက်အချို့ ပျောက်ဆုံးမှုများ ရှိခဲ့သည်ဟု သံရုံးက ဆိုသည်။

သို့ဖြစ်ပါ၍ အဆိုပါကာလအတွင်း ရက်ချိန်းအတွက် အချက်အလက်များ ပေးပို့ထားသော်လည်း ယနေ့ထက်ထိ တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိသေးသူများအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို ယခင် WhatsApp နံပါတ်ဟောင်းသို့ပင် ပြန်လည်ပေးပို့ကြရန် အသိပေး နှိုးဆော်ထားပါသည်။

news-view-count-icon

19