back

တရုတ်-ရုရှား ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် သက်တမ်းတိုး

May 21 • 1:32 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-ရုရှား ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် သက်တမ်းတိုး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်နှင့် မေလ ၂၀ ရက် နံနက...

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်နှင့် မေလ ၂၀ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” ကို ဆက်လက်သက်တမ်းတိုးရန် သဘောတူညီခဲ့ကြသည်။ သမ္မတ ရှီကျင့်ဖိန်က လွန်ခဲ့သော ၂၅ နှစ်က လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါစာချုပ်သည် နှစ်နိုင်ငံရေရှည်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိ ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲနေချိန်တွင် စာချုပ်၏တန်ဖိုးမှာ ပိုမိုပေါ်လွင်လာကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် စာချုပ်ပါစိတ်ဓာတ်ကို ဆက်လက်လိုက်နာပြီး နှစ်နိုင်ငံအပြန်အလှန် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ပြတ်ပြတ်သားသား တွန်းအားပေးဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

9