နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီးစဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း ORTP Info by မြန်မာ့မီးရထားထံမှ သိရသည်။ထို့ကြောင့် ရထားစီးခရီးသွားများအနေဖြင့် မိမိတို့၏ ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ယင်း အမှတ်(၃၂)အစုန် DEMU အမြန်ရထားကို မေ ၂၇ ရက်တွင် မူလအချိန်ဇယားအတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။မေ ၂၆ ရက်တွင် အမှတ်(၃၂)အစုန် DEMU ရထားပြေးဆွဲခြင်းမရှိသော်လည်း ရန်ကုန်-နေပြည်တော် အမှတ် (၃၁)အဆန် DEMU လူစီးအမြန်ရထားကိုမူ ပုံမှန်အ တိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
May 20 • 4:10 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


