ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ဌာနအတွင်းရှိ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်၍ အောက်ပါကဏ္ဍများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးထားမှု။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်
May 20 • 3:49 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 26 | 0 | 0 | 0 |


