back

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

May 19 • 9:25 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တေ...

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ  နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကောင်းသက်စံ ထံမှ သိရသည်။ယနေ့ မေလ(၁၉) ရက် နံနက်ပိုင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခရာကျသည်ဖြစ်ကာ အရွယ်ရောက်သူတိုင်း မသင်မနေရပညာရေးစနစ်ကို အားပေးကြရန်နှင့် စာသင်ရမည့်အရွယ် စာသင်ခန်းထဲရောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့သည်။ထို့အတူ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းရပ်များ မိမိတို့ဒေသတွင် မရှိစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နမ့်လန်အား ခေတ်မီသော မြို့အဖြစ်ရရှိရေးကို အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးမှာကြားခဲ့ကြသည်။

news-view-count-icon

27