back

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အာသာဝတီလမ်းတွင် မီးလောင်မှုဖြစ်ပွား

May 19 • 5:51 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အာသာဝတီလမ်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ အာသာဝတီလမ်းတွင် မေလ ၁၉ ရက် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်...

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ အာသာဝတီလမ်းတွင် မေလ ၁၉ ရက် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာ၍ ငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၀ နာရီ ၄၈ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

31