back

ထိုင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် မြန်မာအသင်း

May 19 • 5:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် မြန်မာအသင်း

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည်...

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ယူကာ ၄ ယောက်တွဲပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ယမန်နေ့ကျင်းပပြုလုပ်သည့် Quadrant Event ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အာရှအင်အားကြီး ထိုင်းအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းအတွက် ပွဲထွက်လူစာရင်းတွင် အာဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက် မျိုးလေးတို့က အမာခံကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

news-view-count-icon

40