မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက် မေ (၁၈)ရက်ညနေပိုင်းတွင် အသင်းအတွက် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်တိုက်ယှဉ်ပြိုင်ကစားရတော့မည် ဖြစ် သည်။လေးယောက်တွဲ (Quadrant Event) ကွာတားဖိုင်နယ်ကို ည နေ (၆) နာရီခွဲတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိပ်သီးအသင်းကြီးဖြစ်သည့် ထိုင်းအသင်းဖြင့်ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ထို့နောက် ည (၈) နာရီတွင် သုံးယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်အဖြစ် အိန္ဒိယအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။လေးယောက်တွဲပွဲစဉ်များတွင် မြန်မာအသင်းသည် ဘရူနိုင်းနှင့် တရုတ်အသင်းတို့ကို အပြတ်အသတ် အနိုင်ယူကာ အုပ်စုပထမဖြင့် တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ 
ကမ္ဘာဖလားပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်း ထိုင်း ၊ အိန္ဒိယအသင်းတို့ဖြင့် ယှဉ်ပြိုင်မည်
May 19 • 5:09 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


