ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နေရပ်ပြန်လာတဲ့ ဒေသခံတွေအတွက် နေရာချထားရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက စုပေါင်းသန့်ရှင်းရေးနဲ့ နေရပ်ပြန်လာမဲ့ ဒေသခံတွေ နေရာချထားရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။သန့်ရှင်းရေးလုပ်ငန်းတွေကို ဖလမ်းမြို့လမ်းဆုံ ထီးရိပ်မှ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တစ်လျှောက် လမ်းဘေးဝဲယာနဲ့ နေအိမ်မျက်နှာစာတွေကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြတာပါ။ဒါ့အပြင် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အပျက်အစီးစာရင်း ကောက်ယူနေပြီး ကျောင်းတွေဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသလို သောက်သုံးရေရရှိရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးခန်းဖွင့်လှစ်မဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
May 19 • 2:03 AM
မြန်မာ
ချင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


