back

ရခိုင်ပြည်နယ်၊ကျောက်ဖြူတွင် နေရပ်စွန့်ခွာသူ တိုးပွားလာ၍ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

May 18 • 5:16 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊ကျောက်ဖြူတွင် နေရပ်စွန့်ခွာသူ တိုးပွားလာ၍ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကာလရှည်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ တကျော့ပြန် ပြင်းထန်လာမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ပိုမိုတိုးပွားလာနေပြီး...

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကာလရှည်ကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ တကျော့ပြန် ပြင်းထန်လာမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ပိုမိုတိုးပွားလာနေပြီး ၎င်းတို့အတွက် ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ကူညီပေးနေသူများထံမှ သိရသည်။မြေပြင်အခြေအနေအရ သိုင်းချောင်း၊ တောင်မော်၊ ဇိုင်ချောင်း၊ ပြုံးပြဲနှင့် အဝတောင် အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်နေကြရသည်။ လက်ရှိတွင် ၎င်းတို့အား ဘေးကင်းလုံခြုံသည့် နေရာများသို့ ကယ်ထုတ်နိုင်ရန် မြေပြင်ကူညီရေးအဖွဲ့များက ကြိုးပမ်းဆောင်ရွက်ပေးနေရသော်လည်း ဒေသခံများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည် ကူညီပံ့ပိုးပေးနိုင်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည်။

news-view-count-icon

34