back

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားအတွင်းညပ်နေသူတစ်ဦးကို မီးသတ်တပ်ဖွဲ့က ကယ်ထုတ်

May 18 • 5:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားအတွင်းညပ်နေသူတစ်ဦးကို မီးသတ်တပ်ဖွဲ့က ကယ်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း၊ ဝါယာလက်မှတ်တိုင်အနီးတွင် မေလ ၁၈ ရက် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း၊ ဝါယာလက်မှတ်တိုင်အနီးတွင် မေလ ၁၈ ရက် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လူတစ်ဦး ညပ်နေကြောင်း သတင်းရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရေးပေါ်သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုကြောင့် နံနက် ၉ နာရီ ၅၈ မိနစ်အချိန်တွင် ယာဉ်အတွင်း ညပ်နေသည့် (မစိုးရိမ်ရ ဒဏ်ရာရရှိထားသူ) အမျိုးသား (၁) ဦးကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

41