မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံအထူးဇုန် (၂) စီမံချက်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး (စကု) ၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များအပြင် သရက်ခရိုင်အတွင်းရှိ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ မြို့နယ် ၉ မြို့နယ်တွင် မြေပဲ၊ နှမ်းနှင့် နေကြာ စသည့် ဆီထွက်သီးနှံများကို စိုက်ဧကစုစုပေါင်း ၃၅၅,၆၀၀ အထိ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းအစီအစဉ်သည် ဒေသတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရက် ၁၀၀ စီမံချက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ 
မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင် ၂၀၂၆-၂၀၂၇ ရာသီအတွက် ဆီထွက်သီးနှံ ဧက ၃ ဒသမ ၅ သိန်းကျော် စိုက်ပျိုးမည်
May 18 • 4:20 AM
မြန်မာ
မကွေး
မျှဝေမည်
| 23 | 0 | 0 | 0 |


