back

မလေးရှားနိုင်ငံတွင် ဟာရီရာယဟ် အိုင်ဒီလာဒါ (Hari Raya Aidiladha) ပွဲတော်ကို မေလ ၂၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ကြေညာ

May 18 • 2:58 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံတွင် ဟာရီရာယဟ် အိုင်ဒီလာဒါ (Hari Raya Aidiladha) ပွဲတော်ကို မေလ ၂၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ကြေညာ

မလေးရှား ဘုရင်မင်းမြတ်၏ တော်ဝင်တံဆိပ်တော်ထိန်းချုပ်ရေးရုံး (Keeper of the Rulers' Seal) က မလေးရှားနိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ကြီးမြတ်သော စွန့်လွှတ်အ...

မလေးရှား ဘုရင်မင်းမြတ်၏ တော်ဝင်တံဆိပ်တော်ထိန်းချုပ်ရေးရုံး (Keeper of the Rulers' Seal) က မလေးရှားနိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံခြင်း အထိမ်းအမှတ်ဖြစ်သည့် "ဟာရီရာယဟ် အိုင်ဒီလာဒါ" (Hari Raya Aidiladha) ပွဲတော်ရက်ကို လာမည့် ၂၀၂၆ ခုနှစ် မေလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၇ ရက်နေ့ ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီး အဆိုပါထုတ်ပြန်ချက်အရ မေလ ၁၇ ရက် (တနင်္ဂနွေနေ့) နေဝင်ချိန်တွင် နိုင်ငံအတွင်းရှိ သတ်မှတ်နေရာပေါင်း ၂၉ နေရာ၌ Dhul Hijjah လဆန်းခြမ်း (Crescent Moon) ကို စောင့်ကြည့်ခဲ့ကြသော်လည်း လဆန်းခြမ်းကို မြင်တွေ့ရခြင်း မရှိခဲ့သည့်အတွက် အစ္စလာမ်ပြက္ခဒိန်၏ ၁၂ ခုမြောက်လဖြစ်သော Dhul Hijjah လ ပထမရက်ကို မေလ ၁၉ ရက် (အင်္ဂါနေ့) တွင် စတင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရကာ ထို့ကြောင့် အဆိုပါလ၏ ၁၀ ရက်မြောက်နေ့တွင် ကျရောက်သည့် Hari Raya Aidiladha (သို့မဟုတ်) Hari Raya Haji ပွဲတော်ကို မေလ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပကြမည်ဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

14