back

ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ လီဝန်ဒေါစကီး ထွက်ခွာမယ်

May 18 • 1:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ လီဝန်ဒေါစကီး ထွက်ခွာမယ်

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ အခုရာသီကုန်မှာ ဘာစီလိုနာအသင်းန...

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ အခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ဘာစီလိုနာအသင်းအနေနဲ့ အသုံးစရိတ်လျှော့ချဖို့ အခုနှစ်အစောပိုင်းကတည်းက လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးတော့ဖို့ဆုံးဖြတ်ထားတာဖြစ်တယ်။လီဝန်ဒေါစကီးဟာ လာလီဂါချန်ပီယံအသင်းနဲ့ လေးရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။၎င်းအနေနဲ့ ဘာစီလိုနာအသင်းမှာ လာလီဂါဖလား သုံးကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၁ ပွဲကစား၊၁၁၉ ဂိုး သွင်းယူပေးထားပါတယ်။လက်ရှိမှာ လီဝန်ဒေါစကီးကို ဥရောပ၊ ဆော်ဒီအာရေဗျနဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။

news-view-count-icon

24