back

Build Smart & ပြည်တွင်းထုတ်ကုန်ပြပွဲသို့ လာရောက်လေ့လာသူ ၃၀၀၀ ကျော်ရှိ

May 17 • 1:21 PM

breaking-news

မြန်မာ

ရန်ကုန်

cover

Build Smart & ပြည်တွင်းထုတ်ကုန်ပြပွဲသို့ လာရောက်လေ့လာသူ ၃၀၀၀ ကျော်ရှိ

Build Smart & ပြည်တွင်းထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ ၊ Yangon Convention Center မှာ မေ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်...

Build Smart & ပြည်တွင်းထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ ၊ Yangon Convention Center မှာ မေ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စိတ်ဝင်တစား လာရောက်လေ့လာသူ လူဦးရေ ၃၀၀၀ ကျော် ရှိခဲ့ကြတယ်လို့ Builder Mall Company တည်ထောင်သူ နှင့် CEO ဒေါက်တာ တေဇာဟိန်း က ပြောပါတယ်။အခုပြပွဲကို Builder Mall Expo က စီစဉ်သူအနေနဲ့ ကြီးမှူးပြီး MCEF နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး ပြပွဲမှာ ဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်ခြံမြေ စီမံကိန်းနဲ့ အိမ်ဆောက်ပစ္စည်း ပြခန်းတွေအပါအဝင် ပြခန်းပေါင်း ၁၅၀ ကျော် ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။

ပြပွဲ ၃ ရက်တာအတွင်း အကျိုးဖြစ်ထွန်းမှုတွေ ရရှိခဲ့သလို ပြခန်းတွေအနေနဲ့လည်း ၉၀ ရာခိုင်နှုန်း နီးပါးလောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဒေါက်တာ တေဇာဟိန်းက ပြောပါတယ်။ ဒါ့အပြင် Builder Mall Expo အနေနဲ့ တစ်နှစ်အတွင်း အခုလို ပြပွဲတွေကို ပြည်တွင်းမှာ ၂ ပွဲ နဲ့ ပြည်ပမှာ ၁ ပွဲ စုစုပေါင်း ၃ ပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။





news-view-count-icon

22