back

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

May 17 • 12:19 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အ...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။ထို့ပြင် အနုပညာရှင်များနှင့် ရွှေပြည်သာအခြေစိုက် ပရဟိတအဖွဲ့များကလည်း လုပ်အားဒါနဖြင့် ပါဝင်အားဖြည့်ခဲ့ကြကြောင်း သိရသည်။






news-view-count-icon

21