ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ အီရန်သည် ကမ္ဘာ့ဖလား အုပ်စုပွဲ သုံးပွဲလုံးကို အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလအနှောင်းပိုင်းတွင် အီရန်ကို တို-က်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက် နေ့ မှ ဇူလိုင်လ ၁၉ ရက် နေ့အထိ ကျင်းပမည့် ပြိုင်ပွဲတွင် အီရန်အသင်းပါဝင်ရေးမှာ ပြဿနာဖြစ်နေခဲ့သည်။ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (အိုင်အာရ်ဂျီစီ) နှင့် ဆက်နွယ်မှုကြောင့်ဆိုကာ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မာဒီတာ့ဂျ်ကို အယခုလအစောပိုင်းတွင် ဗန်ကူးဗား၌ ကျင်းပသည့် ဖီဖာကွန်ဂရက်အတွက် ကနေဒါသို့ ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် မေးခွန်းများထပ်မံပေါ်ပေါက်စေခဲ့သည်။ 
May 17 • 6:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


