back

မိုင်းရှူးမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူဖမ်းမိ

May 17 • 4:59 AM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းရှူးမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကိ...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူ မေ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက မိုင်းရှူးမြို့၊ လွယ်ဆောင်ထောက်ကျေးရွာ၏ သံလွင်မြစ်အနီး၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့ပြင် မိုင်းစံမြို့၊ ဟိုပုံကျေးရွာ၏ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများပြုလုပ်ဆောင်ရာတွင်အသုံးပြုကာ ဖျ-က်ဆီးထားသော အဆောက်အအုံများ၊ လုပ်ငန်းသုံးပ စ္စည်းများကိုလည်းထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

24