back

မကွေးတိုင်း၊ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဖွင့်ချိန်မတိုင်မီ ဌာနပေါင်းစုံမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့

May 17 • 3:56 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဖွင့်ချိန်မတိုင်မီ ဌာနပေါင်းစုံမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီအချိန်က ငဖဲမြို့နယ်စီမံခန့်ခွဲရေ...

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးကို ယနေ့နံနက် ၇ နာရီအချိန်က ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ မှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းပြီး ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်ခဲ့ကြသည်။စုစုပေါင်းအင်အား (၁၀၀) ခန့် ပူးပေါင်းပြီး မိုးရာသီကာကသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် ကျောင်းဝန်းအတွင်း ချုံနွယ်ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း တို့ကိုစုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်သရိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

28