မန္တလေး၌ ရာသီပေါ်ပုရစ်များမှာ ဈေးနှုန်းအဆမတန်မြင့်မားလျက်ရှိသော်လည်း ဈေးကွက်အတွင်းပစ္စည်းဝင် ရောက်မှုနည်းပါခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း မန္တလေးဒေသခံများထံမှသိရသည်။ပုရစ်အဓိကထွက်ရှိရာဒေသများ၏နယ်မြေအခြေအနေနှင့်သယ်ယူရခက်ခဲမှုများကြောင့် ဈေးကွက် အ တွင်းပုရစ်ဝင်ရောက်မှုလျော့နည်းကျဆင်းခဲ့ခြင်းဖြစ်သည်။ရာသီပေါ်ပုရစ်များမှာပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်ကာဈေးကွက်အတွင်းရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမှာလည်း ပုရစ်အကောင် ၁၀၀ လျှင်ငွေကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိရှိခဲ့ကြောင်းသိရသည်။လက်ရှိအချိန်တွင်မူ ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ပြီး ပုရစ်အကောင် ၁၀၀ လျှင်ငွေကျပ် ၁၂,၀၀၀ မှ ၁၈,၀၀၀ ကြားသာရှိတော့ကြောင်း ဒေသခံဈေးသည်များကဆိုသည်။
May 17 • 3:15 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 47 | 0 | 0 | 0 |


