တရုတ်နိုင်ငံ ပြည်တွင်း၌ထုတ်လုပ်သော ဒုတိယမြောက် အကြီးစား အပျော်စီးသင်္ဘော “Adora Flora City” သည် တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးအုပ်စု၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော ဝိုက်ကောင်းချောင် သင်္ဘောကျင်း အမှတ် ၅ ဆိပ်ကမ်းမှ မေ ၁၆ ရက်က ထွက်ခွာမောင်းနှင်လာခဲ့ပြီး ၁၂ ရက်ကြာ ပင်လယ်ပြင်စမ်းသပ်ပြေးဆွဲမှုကို စတင်ခဲ့သည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း ၉၃၇ ဦးပါဝင်သော အင်ဂျင်နီယာနှင့် နည်းပညာအဖွဲ့သည် ယခုအကြိမ်စမ်းသပ်ပြေးဆွဲမှုတွင် ပါဝင်ခဲ့သည်။ “Adora Flora City” သည် စုစုပေါင်း ၃၄၁ မီတာရှည်လျားကာ စုစုပေါင်းတန်ချိန် ၁၄၁,၉၀၀ ရှိပြီး အခန်းနှင့် အခန်းတွဲ ၂,၁၃၀ ခန်းပါရှိရာ လူအပြည့်တင်ဆောင်လျှင် ဧည့်သည် ၅,၂၃၂ ဦး တင်ဆောင်နိုင်သည်။



