back

Parkinson ရောဂါအတွက် ကမ္ဘာ့ပထမဆုံး iPS ဆဲလ်ကုထုံး ဂျပန်ပြည်သူ့ကျန်းမာရေးအာမခံမှာ အကျုံးဝင်မည်

May 16 • 2:36 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

Parkinson ရောဂါအတွက် ကမ္ဘာ့ပထမဆုံး iPS ဆဲလ်ကုထုံး ဂျပန်ပြည်သူ့ကျန်းမာရေးအာမခံမှာ အကျုံးဝင်မည်

ဂျပန်နိုင်ငံမှာ ကုထုံးအသစ်တစ်ခုက Parkinson ရောဂါ ဝေဒနာရှင်တွေအတွက် မျှော်လင့်ချက်တွေကို ဆောင်ကျဉ်းပေးနေပါတယ်။ အဲဒီဝေဒနာရှင်တွေအနေနဲ့ ဓာတ်ခွဲခန်းမှာ မွေးမြူတဲ့ က...

ဂျပန်နိုင်ငံမှာ ကုထုံးအသစ်တစ်ခုက Parkinson ရောဂါ ဝေဒနာရှင်တွေအတွက် မျှော်လင့်ချက်တွေကို ဆောင်ကျဉ်းပေးနေပါတယ်။ အဲဒီဝေဒနာရှင်တွေအနေနဲ့ ဓာတ်ခွဲခန်းမှာ မွေးမြူတဲ့ ကြီးထွားလာတဲ့ဆဲလ်တွေကို အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံးကုထုံးကို မကြာခင်မှာ နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအာမခံနဲ့ ကုသမှုခံယူနိုင်တော့မှာဖြစ်ပါတယ်။ Amchepry လို့အမည်ရတဲ့ ပစ္စည်းကို ဂျပန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sumitomo Pharma က ထုတ်လုပ်တာဖြစ်ပါတယ်။ အဲဒီပစ္စည်းဟာ induced pluripotent stem cells တစ်နည်းအားဖြင့် iPS ဆဲလ်တွေကနေ ဆင်းသက်လာတဲ့ အာရုံကြောတစ်ရှူးကို အသုံးပြုထားပါတယ်။ Parkinson ရောဂါရှိသူတွေမှာ ကိုယ်လက်လှုပ်ရှားမှုစွမ်းရည် ပြန်လည်ရရှိစေဖို့ ဒီကုထုံးကို ဒီဇိုင်းထုတ်ထားပါတယ်။ လက်တွေ့စမ်းသပ်မှုတွေမှာ လူနာ ၇ ဦးပါဝင်ခဲ့ပြီး သူတို့ထဲကတချို့မှာ ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်တွေ တိုးတက်လာတဲ့လက္ခဏာကို တွေ့ခဲ့ရပါတယ်။



news-view-count-icon

3