ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ အုပ်စုအဖွင့်ပွဲ၌ မြန်မာအသင်းက တရုတ်အသင်းကို အနိုင်ရသည်။ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ မေ (၁၆) ရက်ကနေ (၂၃) ရက်အထိ ကျင်းပနေခြင်း ဖြစ်သည်။မြန်မာအသင်းသည် တရုတ်အသင်းကို (၁၅-၄) ၊ (၁၅-၈) ရမှတ်ဖြင့် (၂)ပွဲပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ယင်းပွဲ၌ မြန်မာအသင်း ကစားသမားများအဖြစ် အောင်အောင်၊ ရဲထက်၊ သန့်ဇင်ထွန်း၊ မင်းသန့်သူ၊ ဟန်ဝင်းထွဋ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။



